YUDE Online DL Student အဖြစ် Register လုပ်ရာတွင်-

  • http://www.yudeonline.com.mm သို့ ဝင်ရောက်ပြီး Register Button ကို နှိပ်ခြင်းဖြင့်လည်းကောင်း၊

  • http://www.yudeonline.com.mm/register.cfm တိုက်ရိုက်ဝင်ရောက်၍လည်းကောင်း Register ပြုလုပ် နိုင်သည်။

  • Register ပြုလုပ်ရာတွင် Registration Form တွင် လိုအပ်သောအချက်အလက်များ၊ ဓါတ်ပုံနှင့် ဘွဲ့လက်မှတ်အား Scan ဖတ်ပြီးသားကို မိတ္တူအနေဖြင့် မဖြစ်မနေထည့်ပေးရန် လိုအပ်သည်။

  • အချက်အလက်ပြည့်စုံသော Registration ပြုလုပ်သူများကို Pin Number တစ်ခု ပြန်ပေးမည်ဖြစ်သည်။

  • YUDE Online Student အဖြစ် မှတ်ပုံတင်ခြင်းကို လက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်းကို Registration ပြုလုပ်သည့်နေ့မှစ၍ ၇ ရက် (၁ ပတ်) အတွင်း တည်ရှိနိုင်မည်ဖြစ်သည်။

  • Registration Application Form လက်ခံသည့်အကြောင်းကို သင်၏ Emial Address, Phone မှ တဆင့် သတင်းပေးပို့မည် ဖြစ်သည်။ Registration ပြုလုပ်စဉ်က ရရှိထားသည့် Pin Number နှင့် NRC No. ကို အသုံးပြု၍လည်း YUDE Online မှ တဆင့် Check Up လုပ်နိုင်သည်။

  • YUDE Online Student အဖြစ် မှတ်ပုံတင်ခြင်းကို လက်ခံရရှိသော ကျောင်းသား/ကျောင်းသူ များသည် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနတွင် ကျောင်းအပ်နှံရာတွင်

  • မှတ်ပုံတင်ကြေး

  • သင်တန်းကြေး - For each semeser

  • စားမေးပွဲကြေး - For both semester ( ၅၄၀,၀၀၀)

Module ၄ ခုအတွက် တပြိုင်တည်း ပေးသွင်းရမည်။

  • ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနတွင် ကျောင်းအပ်နှံရာတွင်-

  • ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လာရောက်အပ်နှံနိုင်ပါသည်။

  • ကျောင်းသားကဒ်လုပ်ရန်အတွက် ဓါတ်ပုံယူဆောင်လာရန် (သို့မဟုတ်) ကာယကံရှင် ကိုယ်တိုင် လာရမည်။

  • ဘွဲ့လက်မှတ် မူရင်းအားတိုက်စစ်ဆေးရန်အတွက် တပါတည်းယူဆောင်လာရမည်။

  • ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနက စစ်ဆေးမှုများ ပြုလုပ်ပြီးသည့် အခါတွင် YUDE Online Student အဖြစ် အသိအမှတ်ပြုသူများအား ကျောင်းသားကဒ်နှင့် YUDE အတွင်း ဝင်ရောက်နိုင်ရန်အတွက် Student ID နှင့် Password များပေးမည်ဖြစ်သည်။

  • Student ID နှင့် Password ရရှိသူများသည် http://www.yudeonline.com.mm သို့ ဝင်ရောက်နိုင်ပြီး Online Learning များကို စတင်သင်ကြားနိုင်သည်။